Website နှင့် Web Application နှစ်ခုလုံးက browser နဲ့ internet ပေါ်မှာအလုပ်လုပ်တာချင်းတူကြပါတယ်
Website ဆိုတာကတော့ web page တွေအများကြီးနဲ့ဖွဲ့စည်းထားပြီး ဓါတ်ပုံများ၊ စာသားများနှင့်ဗီဒီယိုများ ပါဝင်အောင်ဖန်တီးထားတတ်ပြီး အသုံးပြုသူက ဖတ်ရှုခြင်းတစ်မျိုးတည်းပဲလုပ်ဆောင်နိုင်တဲ့ static အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့် website များကို ကိုယ့် blog များ၊ business brand တစ်ခုရဲ့ Product တွေကို Showcase အနေနဲ့ ပြသချင်တဲ့အခါမျိုးမှာ ရေးဆွဲကြပါတယ် လွယ်ကူစွာပြောရရင်တော့ ကိုယ့်ရဲ့ information တွေကိုပဲ သီးသန့်ပြသချင်တဲ့အခါမျိုးမှပဲ website ကိုအသုံးပြုကြပါတယ် ။
Web Application ဆိုတာကတော့ software အမျိုးစားတစ်ခုပဲလို့ပဲ အလွယ်မှတ်ယူနိုင်ပါတယ်။ software တစ်ခုဖြစ်သည့်အတွက်ကြောင့် အသုံးပြုသူ user များ နှင့်အပြန်အလှန်ဆက်သွယ်လို့ရသည့်လုပ်ဆောင်ချက်များ ပါဝင်ပြီပဲဖြစ်ပါတယ်။ ဥပမာပြောရရင် အများစု ရင်းနှီးကြတဲ့ Gmail နဲ့ Food Panda တို့ဟာ Web Application အမျိုးစားတွေပဲဖြစ်ပါတယ်။ များသောအားဖြင့် ယခုခေတ်တွင် Web Application ကို E-Commerce website များအတွက် ရေးဆွဲအသုံးပြုကြလာသည့်အရေအတွက်မှ အရင်ကထက် ပိုများလာကြပြီဖြစ်ပါတယ်။
E-commerce Website တစ်ခုရှိခြင်းဖြင့် ကိုယ့် Products တွေကို ထိထိရောက်ရောက်ကြော်ငြာနိုင်သည့်အပြင် တစ်ခြားကြော်ငြာစရိတ်များအတွက်လည်း ငွေကြေးကုန်ကျစရိတ်များသက်သာကာ Online Payment ဖြင့်လည်းချိတ်ဆက်၍ငွေပေးချေနိုင်သည့်လုပ်ဆောင်ချက်များကြောင့် လွယ်ကူစွာ ငွေပေးချေလို့ရလာပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ Product တွေရဲ့ stock လက်ကျန် အရေအတွက်များ Sale Order များ Order History များကိုလည်း အလွယ်တကူ အချိန်မရွေး စစ်ဆေးလို့ရသည့်အတွက် လုပ်ငန်းတစ်ခုအတွက် အထောက်အကူပြုလှသည် သာမက website တစ်ခုရှိနေသည့်ကာလပတ်လုံး ၂၄ နာရီ၀န်ဆောင်မှုပေးနိုင်သည့်အတွက်ကြောင့် များစွာအကျိုးရှိသည့်အပြင် Business တစ်ခုရဲ့ Sale Target ဟာလည်းအရင်ကထက်တိုးပွားလာနိုင်ပါတယ်။